ရာသီဥတုပြောင်းလဲမှုကို ကူညီပေးနိုင်တဲ့ ကိုယ့်ဖုန်းတွေထဲက သတ္တုတွေ
ကမ္ဘာမှာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ ရေနံကိုပဲ တမ်းတမ်းစွဲဖြစ်နေတာကို ဘယ်လိုရပ်တန့်ကြမလဲ။
အဖြေက သင့်အိတ်ကပ်ထဲမှာ ပဲရှိနေပါတယ်။
ကျွန်ုပ်တို့ ဖုန်းတွေမှာ သုံးထားတဲ့ အရေးပါတဲ့သတ္တုတွေဟာ ကျွန်ုပ်တို့ သွားလာရေးလွယ်ကူစေဖို့၊ အိမ်မှာ အနွေးဓာတ်ရဖို့သုံးတဲ့ လေနဲ့ရေစွမ်းအင် ဘက်ထရီတွေလိုပဲ သန့်ရှင်းစွမ်းအင်ဖြစ်ဖို့ လိုအပ်ပါတယ်။
ကိုယ့်ရဲ့ဖုန်းအားပြည့်အောင် ဘယ်သတ္တုတွေက လုပ်ပေးနေတယ်ဆိုတာနဲ့ ဖုန်းအတွင်းပိုင်းကို မြင်ရအောင် အောက်ကိုဆွဲချကြည့်ပါ။
မိုဘိုင်းဖုန်းတစ်လုံးရဲ့ မျက်နှာပြင်၊ မိုက်ခရို ချစ်ပြားတွေ၊ ကေဘယ်ကြိုးနဲ့ ဘက်ထရီပါတဲ့ အစိတ်အပိုင်းတွေကို အပိုင်းအလိုက်မြင်တွေ့ရမှု
ဖုန်းကို တစ်စစီဖြုတ်ကြည့်မယ်ဆိုရင် မြင်ရမယ့်အခြေအနေဖြစ်ပါတယ်။
ဒါတွေက ဒီဖုန်းအားကို ပေါ်ပေါက်စေတဲ့သတ္တုတွေဖြစ်ပါတယ်။ ဘက်ထရီမှာ နီကယ်၊ လစ်သီယံနဲ့ ကိုဘော့ ပါဝင်ပါတယ်။
ဒီသတ္တုတွေဟာ လျှပ်စစ်ကားတွေ၊ အိမ်တွေနဲ့ရုံးခန်းတွေကို ဓာတ်အားပေးတာနဲ့ ၂၀၃၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှု သုညအထိရောက်ရေးမှာ အရေးပါပါတယ်။
ဖုန်းကို ချိတ်ဆက်ထားတဲ့ကေဘယ်ကြိုး၊ ဆားကတ်ဘုတ်ပြား၊ ဘက်ထရီနဲ့ ဖုန်းအကာတွေကို ထင်ရှားအောင်ပြသထား။
နီကယ်ကို ဖုန်းရဲ့တခြားအစိတ်အပိုင်းတွေမှာလည်းတွေ့ရပါတယ်။ ဆေးဘက်ဆိုင်ရာပစ္စည်းတွေအပါအဝင် ပစ္စည်းကိရိယာအတော်များများမှာလည်းတွေ့နိုင်ပါတယ်။
ဖုန်းဘက်ထရီကို ထင်ရှားအောင်ပြသထား
လစ်သီယံဟာ သတ္တုတစ်မျိုးဖြစ်ပြီး သူ့ကို စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ကုသဖို့ ‘စိတ်ငြိမ်ဆေး’
အဖြစ်လည်း ပေးလေ့ရှိပါတယ်။
ဖုန်းဘက်ထရီကို ထင်ရှားအောင်ပြသထား
ကိုဘော့ကို အားပြန်သွင်းနိုင်တဲ့ဘက်ထရီတွေမှာ အသုံးပြုပါတယ်။ လက်ဝတ်ရတနာတွေမှာလည်း အသုံးပြုပါတယ်။
ဘက်ထရီတွေအပေါ် ဘာကြောင့် အာရုံစိုက်ကြတာပါလဲ။ ဒီသတ္တု ၃ မျိုးဟာ နိုင်ငံတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ အရေးပါတာကြောင့်ဖြစ်ပါတယ်။
လျှပ်စစ်ကားတွေမှာသုံးတဲ့ ဘက်ထရီတွေဟာ အရေးပါတဲ့သတ္တုတွေ လူသုံးပိုများလာအောင် လိုအပ်လာမှုမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။
၂၀၂၀ ခုနှစ်မှာဆိုရင် ကမ္ဘာတဝန်းရောင်းချတဲ့ကား ၂၅ စီးမှာ ၁ စီးဟာ လျှပ်စစ်ကားဖြစ်တယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA) က ပြောပါတယ်။ ဒီနှစ်မှာတော့ ၅ စီးမှာ ၁ စီးနှုန်းဖြစ်နေပါတယ်။
ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်ကို အသုံးပြုပြီး လျှပ်စစ်ကားတွေကို အားသွင်းမယ်ဆိုရင် ရုပ်ကြွင်းလောင်စာတွေမီးလောင်လို့ထွက်လာတဲ့ အင်ဂျင်စက်တွေထက် ၄ ဆ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ သန့်ရှင်းစွမ်းအင်ကို ဖြစ်စေတယ်လို့ IEA က ပြောပါတယ်။
ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာသုံးထားတဲ့ ဆိုလာပြားတွေ၊ လျှပ်စစ်ကားတွေနဲ့ လေစွမ်းအင်ထုတ်ဒလက်ကြီးတွေအားလုံးဟာ အရေးပါတဲ့သတ္တုတွေကို လိုအပ်ပါတယ်။
လာမယ့်နှစ်ပေါင်း ၂၀ အတွင်း လျှပ်စစ်ကားတွေနဲ့ ဓာတ်အားသိုလှောင်လိုင်းကြီးတွေ ကျယ်ကျယ်ပြန့်ပြန်ပေါ်ထွက်လာနိုင်တာကြောင့် ဒီသတ္တုတွေအများကြီးကို လိုအပ်လာမှာဖြစ်ပါတယ်။
အရေးပါတဲ့သတ္တုတွေကို ဝယ်လိုအားမြင့်တက်နေတဲ့အခြေအနေကို ကြည့်ကြရအောင်ပါ။
ကာဗွန်ထုတ်လွှတ်မှု သုညအထိရောက်ဖို့ ရည်မှန်းတဲ့အခါ အဲဒီသတ္တုတွေကို လိုအပ်ချက် ဘယ်လိုပြောင်းလဲသွားနိုင်မလဲ။(ကာဗွန်ထုတ်လွှတ်မှုသုညဟာ လေထုထဲကရှိရင်းစွဲဖန်လုံအိမ်ဓာတ်ငွေ့စုစုပေါင်းပမာဏထက် နောက်ထပ် ထပ်ထွက်ပေါ်လာမှု မရှိစေတဲ့အခြေအနေဖြစ်ပါတယ်)
ဒီသတ္တုမိုင်းတွင်းဟာ ကျွန်ုပ်တို့လိုအပ်တဲ့သတ္တုအရေအတွက်ကို ပြသပါတယ်။(စကေးကိုက် ရေးဆွဲထားခြင်းမဟုတ်ပါ)
ဒါက ပြီးခဲ့တဲ့နှစ်မှာ နီကယ် ဘယ်လောက်အထိအသုံးပြုခဲ့ကြတယ်ဆိုတဲ့ပမာဏဖြစ်ပါတယ်: ၃,၂၀၀ ကီလိုတန်(ဒါဟာ ကားအစီးရေ ၃.၂ သန်းအလေးချိန်ဖြစ်ပါတယ်)
၂၀၃၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှု သုညအထိရောက်နိုင်ဖို့ နီကယ် ကီလိုတန်ပေါင်း ၅,၇၀၀ နီးပါး လိုအပ်ပါတယ်။
ဒါပေမဲ့ လက်ရှိမှာ လိုအပ်ချက်ဖြည့်နိုင်တဲ့ခန့်မှန်းပမာဏဟာ ၄,၁၄၀ ကီလိုတန်သာရှိနေပါတယ်။ ဒါဟာ ၂၀၃၀ ပြည့်နှစ်မှာ လိုအပ်လာမယ့် ကာဗွန်ထုတ်လွှတ်မှုခန့်မှန်းပမာဏထက် လျော့နေပါတယ်။
လစ်သီယံနဲ့ ကိုဘော့တို့နဲ့ပတ်သက်ပြီး ဆက်ကြည့်ကြရအောင်ပါ။
လစ်သီယံ: ၂၀၂၂ ခုနှစ်မှာ လိုအပ်ချက်, ၁၄၆ ကီလိုတန်; ၂၀၃၀ ပြည်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်လာဖို့, ၇၀၂ ကီလိုတန်; ၂၀၃၀ ပြည်နှစ်မှာ ရရှိနိုင်ခြေ, ၄၂၀ ကီလိုတန်
ကမ္ဘာကြီးပူနွေးမှုအဆင့်ကို ၁.၅ ဒီဂရီဆဲစီးယက်စ်အထိ ကန့်သတ်မယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်ရောက်တဲ့အခါ ကျွန်ုပ်တို့ လိုအပ်တဲ့ လစ်သီယံပမာဏကို တိုးရမှာဖြစ်ပါတယ်။
ကိုဘော့: ၂၀၂၂ ခုနှစ်မှာ လိုအပ်ချက်, ၂၀၀ ကီလိုတန်; ၂၀၃၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်လာဖို့, ၃၄၆ ကီလိုတန်; ၂၀၃၀ ပြည့်နှစ်မှာရရှိနိုင်ခြေ, ၃၁၄ ကီလိုတန်
၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီဆဲစီးယက်စ်အထိ ကန့်သတ်ဖို့ဆိုရင် ကိုဘော့ ထုတ်လုပ်နှုန်း တိုးမြှင့်ဖို့လိုအပ်ပါတယ်။
ကမ္ဘာတဝန်းက ဘယ်နေရာတွေမှာ ဒီသတ္တုတွေကို တူးဖော် လဲဆိုတာကြည့်ကြရအောင်ပါ။
၂၀၂၂ ခုနှစ်မှာ ကမ္ဘာကို ဖြန့်ချိတဲ့ တူးဖော်နီကယ်ပမာဏရဲ့ သုံးပုံ နှစ်ပုံကို အင်ဒိုနီးရှား၊ ဖီလစ်ပိုင်နဲ့ ရုရှားနိုင်ငံတို့က ထုတ်လုပ်ခဲ့ပါတယ်။
သြစတြေးလျ၊ ချီလီနဲ့ တရုတ်နိုင်ငံတို့ကတော့ ကမ္ဘာတဝန်း လစ်သီယံလိုအပ်ချက်ရဲ့ ၉၁% အထိ တူးဖော်ခဲ့ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DR Congo)၊ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ ကမ္ဘာတဝန်း ကိုဘော့ လိုအပ်ချက်ရဲ့ ၈၂% တူးဖော်ခဲ့ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ, ကိုဘော့: ၇၄%; အင်ဒိုနီးရှား, နီကယ် ၄၉%; သြစတြေးလျ, လစ်သီယံ ၄၇%
အရေးပါတဲ့သတ္တုတွေကို နိုင်ငံတချို့မှာ တူးဖော်မှုများများစားစားတွေ့ရပါတယ်။ ဒီသတ္တုတွေကို အများဆုံးထုတ်နေတဲ့နိုင်ငံတွေကိုကြည့်ကြရအောင်ပါ။
ဒီသတ္တုတွေကို ဘယ်နေရာမှာသန့်စင်ပါသလဲ။
ပထဝီဝင်အနေအထားရကြည့်ရင် သတ္တုသန့်စင်တဲ့နေရာတွေဟာ တူးဖော်တဲ့နေရာတွေထက် ပိုများနေတာကို တွေ့ရပါတယ်။
တရုတ်, ကိုဘော့ ၇၄%, လစ်သီယံ ၆၅%; အင်ဒိုနီးရှား, နီကယ် ၄၃%
တရုတ်နိုင်ငံဟာ လစ်သီယံနဲ့ ကိုဘော့ ပမာဏအများဆုံး သန့်စင်တဲ့နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားကတော့ နီကယ်ကို အများဆုံးသန့်စင်တဲ့နိုင်ငံဖြစ်ပါတယ်။
တရုတ်, ကိုဘော့ ၇၄%, လစ်သီယံ ၆၅%; အင်ဒိုနီးရှား, နီကယ် ၁၇%.
တရုတ်ဟာ ခေတ်မီ နည်းပညာတွေမှာအသုံးပြုတဲ့မြေရှားသတ္တု ၉၀% ကိုလည်း သန့်စင်ပါတယ်။
မရှိမဖြစ်လိုအပ်တဲ့သဘာဝသယံဇာတတွေကို တခြားဘယ်နည်းလမ်းကနေရနိုင်မလဲ၊ ဘယ်လိုကုန်သွယ်လမ်းကြောင်းတွေကနေ သယ်ယူပို့ဆောင်ကြမလဲဆိုတဲ့ တခြားရွေးချယ်စရာလမ်းကြောင်းတွေကို မလုပ်နိုင်ခဲ့ဘူးဆိုတာကို သမိုင်းက ပြသနေတာပဲလေ
တင်မ် ဂူး, IEA
ချီလီက လစ်သီယံ မိုင်းတွင်းတစ်ခုမှာ တူးဖော်ရေးစက်က ဆားပုံကနေ ဘေးထွက်ပစ္စည်းတွေကို ဖယ်ရှားနေပုံ
ချီလီက လစ်သီယံ မိုင်းတွင်း
အရေးပါတဲ့ဒီသတ္တုတွေကို ထောက်ပံ့နိုင်ရေးမှာ ဘာအဟန့်အတားတွေရှိနေလဲ။
မိုင်းတွင်းတစ်တွင်း အပြည့်အဝလည်ပတ်နိုင်ဖို့ဆိုရင် ၁၅ နှစ်နဲ့အထက်ကြာပါတယ်။ ဒါပေမဲ့ ၂၀၃၀ ခုနှစ်ပြည့်ဖို့ ၇ နှစ်တောင်မကျန်တော့ပါဘူး။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ကိုဘော့မိုင်းတွင်းတစ်ခုမှာ မပြည့်စုံတဲ့လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်လုပ်နေတဲ့အမျိုးသမီးတစ်ဦး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ကိုဘော့မိုင်းတွင်း
မိုင်းတွင်းအရိုင်းအသစ်တစ်ခုကို ရှာတွေ့တာတောင် အဲဒီမိုင်းတွင်းမှာ တူးဖော်ရေးလုပ်နိုင်ဖို့ လမ်းတွေလိုမျိုး အခြေခံအဆောက်အအုံတွေ မရှိနိုင်ပါဘူး။
မိုင်းတွင်းအသစ်တွေဟာ ဘေးအန္တရာယ် မကင်းသလို မျှတပြီး သာတူညီမျှဖြစ်တဲ့သယံဇာတ ထုတ်ယူမှုဖြစ်အောင် ဒေသခံအသိုင်းအဝိုင်းတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံဖို့ လိုအပ်ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကိုဘော့နဲ့ ကြေးနီးမိုင်းတွေကို စက်မှုကဏ္ဍအတွက်အသုံးပြုနိုင်တဲ့ပမာဏလောက်ထုတ်နိုင်တဲ့အထိ တိုးချဲ့မှုဟာ မိုင်းတွေအနီးရပ်ရွာတွေမှာနေထိုင်သူတွေ မရွှေ့မနေရ နေရာပြောင်းမှု ဦးတည်စေခဲ့သလို ကြီးမားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဖြစ်စေခဲ့တယ်
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
အချိန်ကြာလာတဲ့အမျှ ဘက်ထရီအိုးတွေကိုလည်း ပြန်လည်သုံးစွဲဖို့ဖြစ်လာပါတယ်။
သိပ္ပံပညာရှင်တွေကတော့ လျှပ်စစ်ကားဘက်ထရီအိုးတွေဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ လဲဖို့လိုတယ်လို့ ယုံကြည်ထားကြပါတယ်။
ဗြိတိန်နိုင်ငံမှာရှိတဲ့ ဘာမင်ဂမ်တက္ကသိုလ်က သုတေသီတွေကတော့ လက်ရှိမှာ ဘက်ထရီအိုးတွေမှာသုံးတဲ့ပစ္စည်းတွေထဲက ပြန်သုံးနိုင်တဲ့ပစ္စည်းဟာ တစ်ဝက်တောင် မရှိဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီဘက်ထရီအိုးတွေထဲက ပစ္စည်းတွေကို ပြန်သုံးနိုင်တဲ့ပမာဏဟာ လာမယ့်ဆယ်စုနှစ် နှစ်ခုအတွင်း ၈၀% အထိရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။
ဘက်ထရီအိုးတွေကို လွယ်လွယ်ကူကူနဲ့ပြန်ပြီးအသုံးပြုနိုင်ဖို့ဆိုရင် အဲဒီဘက်ထရီတွေကို စပြီးထုတ်လုပ်တဲ့အပိုင်းကို ပြန်လည် တွေးဆဖို့လိုအပ်မှာဖြစ်ပါတယ်။
ပါမောက္ခ ပေါလ် အန်ဒါဆန် ဘာမင်ဂမ်တက္ကသိုလ်, ဗြိတိန်
လက်ရှိထုတ်လုပ်နေတဲ့ ဘက်ထရီအိုးအတိုင်းအဆနဲ့ဆိုရင် အဲဒီထဲကနေ ပြန်လည်သုံးစွဲနိုင်တဲ့ဘက်ထရီအိုးတွေ ပြန်ထုတ်ဖို့ မလွယ်ပါဘူး။ ပြန်သုံးနိုင်ဖို့ မျှော်လင့်တဲ့ဘက်ထရီအိုးတွေထုတ်လုပ်နိုင်ဖို့ လုံလောက်တဲ့သတ္တုတူးဖော်မှုတွေ ကျွန်တော်တို့ မလုပ်ထားနိုင်သေးလို့ပါ။
ပါမောက္ခ ပေါလ် အန်ဒါဆန် ဘာမင်ဂမ်တက္ကသိုလ်, ဗြိတိန်